တပည့်များနဲ့ တစ်နေ့တာ




          မွေးနေ့မှာ ကျွန်တော်မန္တလေးခြံမှာရှိခိုက် တပည့်တချို့လာရောက်ကြပါတယ်။



          နေ့လယ်စာကို ကျွန်တော့်လက်ရာ ဝက်သားနီ၊ ငုံးအချင်းတိုင် ကုလားချက်၊ ငါးဥချဉ်စပ်၊ ပြောင်းဖူးကြော်၊ မျှစ်ချဉ်ပေါင်၊ သီးစုံချဉ်ရည်၊ လက်ဖက်၊ ကျောက်ကျော ဆေးကုလားမဖျော်ရည်၊ အသီးအနှံများနဲ့ တည်ခင်းဧည့်ခံဖြစ်ပါတယ်။


          ကျွန်တော်ကိုယ်တိုင်ပျိုးထားတဲ့ ပန်းပင်တွေကိုလဲ လက်ဆောင်ပြန်ပေးဖြစ်ပါတယ်။


          တကူးတကန့်လာကြလို့၊ လက်ဆောင်တွေပေးကြလို့၊ ဆရာ့လက်ရာကို မြိန်ရှည်ယှက်ရည် သုံးဆောင်ကြလို့ အများကြီးဝမ်းသာပါတယ်။ အားလုံးပဲ ဝါသနာအလိုက် ရေရှည်အောင်မြင်သူတွေ ဖြစ်ကြပါစေဗျာ။

ဆရာ
ကောလိယ ဝေယံမောင်မောင်

Comments