(၂၀၁၂)ကစပြီး GATSBY စသုံးခဲ့တာ မှတ်မှတ်ရရပဲ။

ရုပ်သံမှာလုပ်စဥ်ပေါ့။

မနက်ဆို ဖယောင်းလိမ်း၊ ဆံပင်ပုံသွင်း။ စပရေးဖျန်း။
ဒါဆို ရိုက်ကူးရေးပြီး ညဘက်ရောက်လဲ ပုံမပျက်။


(၂၀၁၃)ကျတော့ GATSBY အဆီစုပ်စက္ကူစသုံးဖြစ်တယ်။
Powdered Oil Clear Paper ဆိုတာလေး။ ဖိတို့လိုက်ရင် အဆီပြန်နေတာတွေ ပျောက်ကုန်ရော။ မိတ်ကပ် အန်တီတိုးတိုး ပြောတယ်။
'သားရေ... ​ဒါလေးနဲ့ ဖိလိုက်ရင် မိတ်ကပ်အသစ်ပြန်လိမ်းလိုက်သလိုပဲ' တဲ့။ အမည်းရောင် အရွက်အသေးလေးတွေပါ။ တစ်ထုပ် အရွက်(၇၀)ပါတယ်။ သုံးလထိကို သုံးရတယ်။ ဒီမှာဝယ်မရလို့။ လိုင်းကနေ လှမ်းမှာရတာ။


(၂၀၂၀)မှာတော့ မျက်နှာသစ်ဆပ်ပြာလေးတွေ ထပ်ရတယ်။
အဆီမပြန်တာ အစိမ်း၊ ဝက်ခြံအတွက်က အနီ၊ အထူးသန့်စင်တာက အပြာတဲ့။ သုံးဘူးလုံးက အံကိုက်ပဲမို့ စသုံးဖြစ်ပါတယ်။
GATSBY ကို ကျေးဇူးအထူးတင်ပါတယ်။


ကောလိယ ဝေယံမောင်မောင်
Presenter, Mentor and Author
၁၆.၇.၂၀၂၀

Comments