(၁၉၅၉)မှာစတဲ့ မြန်မာ့မယ်စကြဝဠာ (Miss Universe Myanmar) ဟာ (၆၄)နှစ်ပြည့်ပါပြီ။ (၂၀၁၃)မှာ မစိုးယုဝေ တစ်ကျော့ပြန်ကျင်းပလို့ ဆက်တိုက်အားဖြင့် (၁၀)နှစ်ပြည့်ပါပြီ။


မြန်မာမှာပြန်ကျင်းပတော့ ကျွန်တော်က MNTV မှာ ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူပါ။ ကျွန်တော်တို့ရုပ်သံကနေ ပွဲမကျင်းပမီကနေ မိုးစက်ဝိုင် ရုရှားကပြန်လာသည်ထိ အားလုံး ရိုက်ကူးထုတ်လွှင့်ပေးခဲ့ပါတယ်။

နောက်ဆုံးဆင့်ပွဲကြီးမှာ တီချယ် တင်မိုးလွင်တို့ အခမ်းအနားမှူးလုပ်တယ်။ ပွဲအဖွင့်မှာ ဦးနု၊ ဦးသန့်တို့ဗီဒီယိုပြပြီး အမေစုရဲ့ ငြိမ်းချမ်းရေးပုံရိပ်တွေ အထူးပြသခဲ့တာ အမှတ်ရစရာမိတယ်။

ကျွန်တော်က မော်ဒယ်လောကကလာပြီး ဆုတချို့ရဖူးတော့ မိခင်အေဂျင်စီ Talents & Models နဲ့အတူ Miss Universe လေ့ကျင့်ပေးတဲ့ တီချယ် တင်မိုးလွင်၊ ဆုရှင် မိုးစက်ဝိုင်အပါအဝင် လက်ရွေးစင်များနဲ့ပါ အစီအစဉ်တွေ ရိုက်ခဲ့ဖြစ်တယ်။ မစိုးယုတွေနဲ့ ကြိုးစားမှုတွေကိုလဲ မေးမြန်းတင်ဆက် ခဲ့ပါတယ်။

(၂၀၁၅)မှာ ကျွန်တော် နည်းပြဆရာအဖြစ် လုံးလုံးလျားလျား လုပ်ဖြစ်တော့ တပည့်တွေက ပြည်တွင်းပြည်ပ မောင်မယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ကြတယ်။ ဆုရသူတွေလဲရကြတယ်။ ဒါကြောင့် The CHIC မဂ္ဂဇင်းမှာ 'Mister & Miss လမ်းညွှန်' ဆိုပြီး အမြဲရေးပေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာလဲ သင်တန်းဆင်းတပည့်တချို့ မယ်စကြာဝဠာမှာ ဝင်ပြိုင်ကြတယ်။ ကျွန်တော်လဲ Catwalk ကနေ အမေးအဖြေအထိ အတတ်နိုင်ဆုံး သင်ကြားပေးခဲ့တယ်။ အားလုံးတော်၊ အားလုံးလှကြတယ်။ ဒါပေမဲ့ တစ်ယောက်တည်းရွေးမှာမို့ ကံတရားကို မေ့ထားလို့မရပါဘူး။ အောင်မြင်မှုများစွာ ရရှိကြပါစေလို့ ဆရာဆုတောင်းပါတယ်။

ကောလိယ ဝေယံမောင်မောင်
၁၄.၉.၂၀၂၃

#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#MissUniverseMyanmar
#MUM #MUM2023
#MissUniverseMyanmar2023
#MissUniverseMyanmar2013
#မိုးစက်ဝိုင် #မယ်စကြဝဠာ
#TinMoeLwin #တင်မိုးလွင်
#TalentsAndModels




















Comments