Presenter နှင့် Wedding MC Course အွန်လိုင်းသင်တန်း (သီတင်းကျွတ်သက်သာခွင့်)

Presenter Course နှင့် Wedding MC Course
အွန်လိုင်းသင်တန်း (သီတင်းကျွတ်သက်သာခွင့်)




» တင်ဆက်သူ/MC ဘာသာရပ် (Presenter Course) နှင့်
» မင်္ဂလာအခမ်းအနားမှူးဘာသာရပ် (Wedding MC Course)
တို့ကို တစ်ပေါင်းတည်းဖွင့်လှစ်ခြင်းဖြစ်ပါသည်။ နှစ်တန်းလုံးဖြစ်စေ၊ တစ်တန်းတည်းဖြစ်စေ မည်သူမဆိုတက်ရောက်နိုင်ပါသည်။

ရန်ကုန်ပြင်ပတန်း၊ မန္တလေးပြင်ပတန်းနှင့် တစ်ဦးတည်းသီးသန့် (ပြင်ပ/အွန်လိုင်း) တက်လိုသူများ မက်ဆင်ဂျာတွင် သီးသန့်မေးမြန်းပါရန်။

» Presenter Course
တင်ဆက်သူသင်တန်း


MC အခမ်းအနားမှူး၊ တင်ဆက်သူ၊ ဟောပြောဆွေးနွေးခြင်း၊ မိန့်ခွန်းပြောခြင်း၊ မားကတ်တင်း စသည့် တင်ဆက်ခြင်းပညာရပ်ကို အခြေခံကျကျ လေ့ကျင့်သင်ကြားပေးခြင်း။

• တင်ဆက်သူအမျိုးအစားနှင့် အရည်အသွေးများ
• အသံလေ့ကျင့်ခြင်း
• အခမ်းအနားအစီအစဥ်ရေးဆွဲနည်း
• ပွဲအမျိုးမျိုးတင်ဆက်ခြင်း
• တင်ဆက်သူများ၏ အလွဲအမှားများ
• တင်ဆက်သူချင်းယှဉ်လျှင် ပိုသာစေသောအချက်များ
• စံနမူနာမြန်မာစကား

» Wedding MC Course
မင်္ဂလာအခမ်းအနားမှူးသင်တန်း


မင်္ဂလာအခမ်းအနားမှူးပညာရပ်ကို အခြေခံမှစ၍ အသေးစိတ်လေ့ကျင့်သင်ကြားပေးခြင်း။

• အသံနှင့် ကိုယ်ဟန်လေ့ကျင့်ခြင်း
• မင်္ဂလာပွဲအမျိုးအစားများ အသေးစိတ်
• မင်္ဂလာအစီအစဉ်များရေးဆွဲနည်း
• လူမျိုးဘာသာပွဲအမျိုးအစားအလိုက် တင်ဆက်နည်းများ
• ဘိသိက်ပညာအခြေခံ
• ဝတ်စားဆင်ယင်မှုလမ်းညွှန်
• မင်္ဂလာပွဲနှင့်ပတ်သက်သော အလွဲအမှားများ
• အခမ်းအနားမှူးချင်းယှဉ်လျှင် ပိုသာစေသောအချက်များ

» သင်တန်းရက်
(၂၀၂၃) အောက်တိုဘာ(၃မှ၇)ထိ ငါးရက်တာ

» သင်တန်းချိန်
Presenter Course - ညဉ့်(၇)နာရီ မှ (၈)ခွဲ
Wedding MC Course - ညဉ့်(၈)ခွဲ မှ (၁၀)နာရီ

» သင်တန်းကြေး
တစ်တန်းတည်းတက်လျှင် - (၁)သိန်း
နှစ်တန်းတက်လျှင် (၂)သောင်းလျှော့- (၁)သိန်း (၈)သောင်း

» သင်တန်းအပ်ရန်
ပေ့ချ်မက်ဆင်ဂျာ (သို့မဟုတ်) ၀၉ ၇၉၇ ၂၀၃၇၅၇ သို့
ဆက်သွယ်၍ KBZ Pay ဖြင့် ကြိုတင်အပ်နှံရပါမည်။
သင်တန်းအပ်နှံပြီးသည်နှင့် ZOOM Link ပေးပါမည်။

» မှတ်ချက်
ပျက်ရက်မဲ့တက်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်သူတိုင်းကို သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပါမည်။ လိုအပ်၍ပွဲခေါ်လျှင် ထူးချွန်သူများကို ဦးစားပေးပါမည်။

» သင်တန်းမှတ်တမ်းအချို့ ကြည့်ရှုရန်
https://www.facebook.com/media/set/?set=a.2277707259060103&type=3

» သင်တန်းဆရာကိုယ်ရေးအကျဉ်း
အဘိဓမ္မဓရ ကောလိယ ဝေယံမောင်မောင်

ပညာအရည်အချင်း

• B.A (Creative Writing)
• B.A (Abhidhamma) Pursuing
• Diploma in English
• Diploma in Myanmar History and Culture
• Superior Diploma in Abhidhamma

ဆောင်ရွက်မှုများ

• ၂ဝဝဝ မှစ၍ (၂၃)နှစ်ကြာစာပေများရေးသားခဲ့သည်။
• ၂၀၀၇ မှစ၍ (၁၆)နှစ်ကျော် မော်ဒယ်၊ တင်ဆက်သူ၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
• ၂၀၁၅ မှစ၍ သင်တန်းများပို့ချခဲ့သည်။
• ရုပ်သံထုတ်လုပ်ရေးမှူးနှင့် တင်ဆက်သူအဖြစ် ပြည်တွင်းပြည်ပ ဆောင်ရွက်ခဲ့သည်။
• တရုတ်နိုင်ငံ ရုပ်သံဌာနများဖြစ်သော CIBN, YNTV, CRI တို့နှင့်ရိုက်ကူးတင်ဆက်ခဲ့သည်။
• ဆွေးနွေးပွဲများ တင်ဆက်ဟောပြောခဲ့သည်။
• အသံဇာတ်လမ်းများ၊ ကြော်ငြာများ၊ အစီအစဥ်များ သွင်းယူထုတ်လွှင့်ခဲ့သည်။
• ဒေါ်တင်မိုးလွင်နှင့် (၁၆)နှစ်ကျော်ဆောင်ရွက်ခဲ့သည်။
• Talents & Models, School and Agency ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော လက်မှတ်ရနည်းပြဖြစ်သည်။

#MentorWaiYanMaungMaung
#KawliyaWaiYanMaungMaung
#PresenterWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#Presenter #MC #Announcer #Host
#WeddingMC
#MCTraining #PresenterTraining

Comments