ကျွန်တော်စီစဉ်ရိုက်ကူးခဲ့တဲ့
ကမ္ဘာ့ဝိပဿနာဆရာကြီး ဦးဂိုအင်ကာရဲ့ ဈာပန
(၁၀)နှစ်ပြည့်ပြီ။
ကမ္ဘာ့ဝိပဿနာဆရာကြီး ဦးဂိုအင်ကာတရားစခန်းကို (၇)တန်းကျောင်းသားဘဝကတည်းက ဝင်ခဲ့ပါတယ်။ ကျွန်တော် ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူဘဝ (၂၀၁၃)စက်တင်ဘာကျ ဆရာကြီး အိန္ဒိယမှာကွယ်လွန်ပြီး ဖုတ်ကြည်းတယ်။
မြန်မာကို အရိုးပြာ လေယာဉ်ဆိုက်ချိန်ကစလို့ ရန်ကုန်မြစ်၊ မေခ-မလိခမြစ်ဆုံနဲ့ သူ့ဇာတိ မန္တလေး ဧရာဝတီမြစ်မှာ ရေမျှောတဲ့ထိ ခရီးအတန်တန်ကို ကျွန်တော် စီစဉ်ထုတ်လုပ်ရိုက်ကူးပြီး ရုပ်သံကနေ တစ်နိုင်ငံလုံးလွှင့်ခဲ့ပါတယ်။ အဲဒီခေတ်ရဲ့ သီတဂူဆရာတော်က ၁၀.၁၀.၂၀၁၃ မှာမိန့်တယ်။ ဦးဂိုအင်ကာက Modern Ashoka (ခေတ်သစ်အသောက)တဲ့။
လက်ထောက် တရားပြဆရာပေါင်း (၈၀၀)တောင် မွေးထုတ်ပေးနိုင်ခဲ့တဲ့ ကျေးဇူးရှင်ဆရာကြီးကို လွမ်းတသသ ကန်တော့လိုက်ရပါတယ်။ ဆရာကြီး အသက်(၃၁)မှာ ဝိပဿနာကြောင့် ခေါင်းကိုက်လွန်းတဲ့ဝေဒနာပျောက်ပြီး ရွှင်လန်းခဲ့ရတယ်တဲ့။ ကျွန်တော်လဲ (၃၁)ရောက်ပြီ။ အဲတုန်းကလို သောကကင်းကင်း ရွှင်လန်းနိုင်ဖို့ အမြဲအားထုတ်ပါအုံးမယ်။
ကောလိယ ဝေယံမောင်မောင်
၁၀.၁၀.၂၀၂၃
ဝဘ်ဆိုက်၌ကြည့်ရှုရန်
#S.N.Goenka
#ဦးဂိုအင်ကာ
#ဝိပဿနာ
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
Comments
Post a Comment