စာကြည့်တိုက်

ဘုရင်​​ခေတ်ကပင် စာကြည့်တိုက်ထွန်းကားသည်။ ပုဂံခေတ်၊ အနော်ရထာစာကြည့်တိုက် ခေါ် ဘုံငါးဆင့်ပိဋကတ်အုတ်တိုက်ရှိသည်။ သထုံရွှေစာရံ၌ ပိဋကတ်သုံးပုံကို စေတီသမုတ်ခဲ့သည်။ ကုန်းဘောင်​ခေတ်၊ ဘိုးတော်ဘုရားက စာကြည့်တိုက်များ နယ်စုံရှိအောင် ကျမ်း၊ ဘာသာပြန်၊ ပိဋကတ်တော်များပို့သည်။ ရှေးဘုန်းကြီးကျောင်းတိုင်း စာတိုက်စု ခေါ် ဇာတ်စုံသေတ္တာများဖြင့် စာကြည့်တိုက်ရှိသည်။


ကောလိယ ဝေယံမောင်မောင်






Comments