ကျမ်းစာတစ်အုပ် ပြီးအောင်ထုတ်

  'ဆရာဆိုတာ ထာဝရကျောင်းသား' ဆိုတဲ့အတိုင်း တစ်ဖက်မှာသင်ကြား၊ တစ်ဖက်မှာသင်ယူပေါ့။ ဒီဘဝတတ်သမျှ၊ ဆရာကြီးလုပ်လို့ရသမျှ ဘာသာရပ်တွေ၊ ဩဇာတွေမှန်သမျှ မသေခင်ထိပဲ ပိုင်ဆိုင်ခွင့်ရှိတာပါ။


ဒါ့ကြောင့် ဘဝအစဥ်မှာ သယ်သွားလို့ရမဲ့ ဓမ္မပညာဆည်းပူးဖို့ အဘိဓမ္မတက္ကသိုလ်တက်တာ B.A. နိဂုံးချုပ်ပါပြီ။ (၅)ဦးတစ်ဖွဲ့ ပြုစုရတဲ့ကျမ်းကို တစ်ဦးတည်းပြုစုတာမို့ နှစ်ကုန်အမီတင်နိုင်ဖို့ ရောက်ရာခရီးမှာ နေ့နေ့ညည အချိန်ရသလို ရေးသားပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ရေးသားဆဲကျမ်းကို မြန်မာလိုအနက်ပြန်ရင် 'ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ဗုဒ္ဓဓမ္မဖြင့်အကဲဖြတ်ခြင်း' ဖြစ်ပါတယ်။ လေးစားရတဲ့ဆရာကြီးကို ဂါရဝနဲ့လှမ်းလျှောက်လိုတာက 'နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပါမယ်' လို့ပါခင်ဗျာ။

🙏🏻🙏🏻🙏🏻
တပည့်လေး
ကောလိယ ဝေယံမောင်မောင်

#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#UniversityOfAbhidhamma #Abhidhamma
#အဘိဓမ္မတက္ကသိုလ် #အဘိဓမ္မာ




Comments