ကိုတော်မီရဲ့ဂါရဝ

သံဖြူဇရပ်ကနေ ဂါရဝလာပြုတဲ့

အခမ်းအနားမှူး သန့်ဇင်ထွန်း(ခ) တော်မီ

ကျွန်တော်မော်လမြိုင်ရှိတုန်း ဂါရ၀လက်ဆောင်ပေးချင်လို့ သံဖြူဇရပ်ကနေလာဖို့ ကြိုချိန်းတယ်။ ရန်ကုန် (သို့) မန္တလေးအိမ်လာတဲ့ တပည့်တိုင်းသိပါတယ်။ ကျွန်တော်က ဧည့်ခံပြီးမှ ပြန်လွှတ်ချင်သူဆိုတာ။ ဒါနဲ့ တည်းတဲ့ဆီမှာ ထမင်းဟင်းစီမံပြီး ဆရာတပည့်နှစ်ယောက်သား စားကြလေသတည်းပေါ့။

သဘာဝဆိုးဆေးနဲ့ဖန်တီးထားတဲ့ တန်ဖိုးမြင့်ရိုးရာပုဆိုးနဲ့ ကန်တော့အသပြာအတွက် ကျေးဇူးတင်ပါတယ်။ ရှေ့နှစ်တွေမှာ ဆန္ဒနဲ့ညီတဲ့ဘဝ ရရှိပါစေဗျာ။

ဆရာ
ကောလိယ ဝေယံမောင်မောင်





Comments