Personal Training (၄)ဘာသာယူခဲ့ကြတဲ့နှစ်ဦး
ခရစ္စမတ်မတိုင်မီ ရန်ကုန်မှာသင်တန်းဆင်းအေးမြတ်ဖြူစင်နဲ့ မေမြတ်လင်းသန့်တို့ဟာ လွန်ခဲ့တဲ့လတွေကတည်းက Personal Private Training ယူဖို့ အပ်နှံထားသူတွေပါ။ ကျွန်တော်လဲ သင်တန်းနဲ့ပွဲတွေဖို့ ရှမ်းတောင်ပိုင်း၊ မွန်ပြည်နယ်၊ မန္တလေး တစ်လှည့်စီသွားနေရလို့ ဒီဇင်ဘာကျမှပဲ သေချာသင်ပေးဖြစ်ခဲ့တာပါ။
အေးမြတ်ဖြူစင်ဟာ တင်ဆက်သူအိပ်မက် အကောင်အထည်ဖော်နေသူဖြစ်ပြီး ပြုံးချိုမှု၊ ပင်ကိုယ်သံကို ပြောင်းလဲတိုးမြှင့်နိုင်မှုမှာ အားသာပါတယ်။ MC/Presenter Course နဲ့ Wedding MC Course မှာသင်ရတဲ့အတိုင်း နေစဉ်လေ့ကျင့်ရင် တင်ဆက်သူကောင်းတစ်ယောက် ဖြစ်မှာသေချာပါတယ်။
မေမြတ်လင်းသန့်ကတော့ ဘိုကျောင်းတက်နေတဲ့ သွက်လက်ချက်ချာတဲ့ သမီးငယ်လေးပါ။ အင်္ဂလိပ်လိုကျွမ်းတယ်။ မေးခွန်းမေးဖို့ ဘယ်တော့မှ မဖင့်နွှဲဘူး။ တတ်လွယ်တယ်။ Personal Grading Course နဲ့ Presentation Course အတိုင်း အသုံးချဖြတ်သန်းရင် ပိုမိုထူးချွန်ကောင်းမွန်သူတစ်ဦး မုချဖြစ်လာမှာပါ။
အားလုံး အောင်မြင်ကြစေ။
ဆရာ
ကောလိယ ဝေယံမောင်မောင်
#MentorWaiYanMaungMaung
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#MCCourse #MCTraining #MCClass
#PresenterCourse #PresenterTraining #PresenterClass
#WeddingMC #Coach #Coaching #Mentor #Mentorship
#Training #Teaching
Comments
Post a Comment