မင်္ဂလာအခမ်းအနားမှူးဘာသာ ဘယ်လိုရေးဆွဲခဲ့သလဲ
(၄)ဘာသာအနှစ်ချုပ် သင်ခဲ့တဲ့အတန်းမှာ မင်္ဂလာအခမ်းအနားမှူးဘာသာလဲ ပါပါတယ်။ ဒီဘာသာကို အောက်ပါအချက်များနဲ့ ရေးဆွဲသင်ကြားပါတယ်။၁၊ မျိုးရိုးအမွေ
အနွယ်တော်ဖြစ်တာမို့ နန်းတွင်းပုရပိုက်၊ ရှေးစာပေနဲ့ လက်ရေးမူတွေကျန်ရစ်ပါတယ်။ ဒါတွေက မြန်မာ့ထုံးတမ်းပွဲတွေအတွက် အလွန်အသုံးဝင်ပါတယ်။
၂၊ ကျောင်းပညာရေး
ခက်ခဲပြီး တက်မဲ့သူမရှိတော့လို့ နိုင်ငံတော်က ဖျက်သိမ်းခဲ့တဲ့ စာပေဖန်တီးမှုပညာ (Creative Writing) (ခ) ရသစာပေပညာကို ဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။ ပါဠိ၊ ကျောက်စာ၊ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ သတင်း၊ ပြဇာတ်၊ ခေတ်စာပေ စသဖြင့် နှစ်သက်ရာကို ဖန်တီးနိုင်တဲ့ဘာသာရပ် ဖြစ်ပါတယ်။ အဲဒီနောက် သမိုင်းနှင့်ယဉ်ကျေးမှု ဘွဲ့လွန်ဒီပလိုမာနဲ့ အဘိဓမ္မ B.A ဘွဲ့တို့ တက်ရောက်ခဲ့ပါတယ်။
ဒါတွေက မင်္ဂလာအခမ်းအနားမှူးများဖို့ ဝေါဟာရ၊ ပါဠိပါဌ်သား၊ တေးထပ်၊ ရတုမကျန် ကိုယ်တိုင်ရေးနိုင်ဖို့ အထောက်အကူ ဖြစ်လှပါတယ်။
၃၊ ပွဲလမ်းအတွေ့အကြုံ
(၂၀၀၇)ကစတင်ခဲ့တဲ့ ပွဲအမျိုးမျိုးအတွေ့အကြုံ၊ ဆရာမ ဒေါ်တင်မိုးလွင်နဲ့ ပူးတွဲအတွေ့အကြုံတွေ များခဲ့ပါတယ်။ နောက်ပြီး ပြည်ပမှာလဲ တင်ဆက်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေနဲ့ပဲ မင်္ဂလာညစာစားပွဲတွေ၊ ခေတ်မင်္ဂလာပွဲတွေ၊ စိတ်ကူးဆန်းသစ်တဲ့ မင်္ဂလာပွဲတွေ၊ လူမျိုးဘာသာ မင်္ဂလာပွဲတွေ စီစဉ်ကျင်းပ နိုင်ခဲ့တာပါ။
၄၊ ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူဖြစ်ခဲ့တာ
ရုပ်သံမှာ မင်္ဂလာဆောင်အစီအစဉ်တွေကို မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များနဲ့ နှစ်စဉ် ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေအရ မင်္ဂလာပွဲကို ဖန်သားပြင်မှာကြည့်ရသလိုမျိုး လူတွေ၊ အရာတွေကို စနစ်နဲ့စီမံပြီး မြင်ကွင်းလှလှ၊ အထားအသိုကောင်းကောင်း၊ အစီအစဉ်ကျကျဖြစ်အောင် ဖန်တီးစေနိုင်တဲ့အပိုင်းပဲ ဖြစ်ပါတယ်။
ရိုးသားမှုဂုဏ်၊ ပညာစစ်ဂုဏ်နဲ့ တောက်ကြွားနိုင်ကြပါစေ။
ဆရာ ကောလိယ ဝေယံမောင်မောင်
#MentorWaiYanMaungMaung
#KawliyaWaiYanMaungMaung
#PresenterWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
#MC #Presenter #WeddingMC
#MCTraining #PresenterTraining #Training #Mentor
#WeddingMC #WeddingDinner
#မင်္ဂလာအခမ်းအနားမှူး
Comments
Post a Comment