T & M လက်ထောက်ဆရာ မရှိကြောင်း

Talents & Models ကခန့်အပ်ထားသော

လက်ထောက်ဆရာ ယနေ့၌မရှိကြောင်း


• မေးမြန်းသူများရှိ၍ ရိုသေစွာအစီရင်ခံပါသည်။ ယခုစာမှာ ကျွန်ုပ်ကိုသာ ကိုယ်စားပြုပါသည်။

• နှစ်(၃၀)ကျော်ရပ်တည်ခဲ့သော ဒေါ်တင်မိုးလွင် + Talents & Models ၌ လေးစားရသော ဘာသာပြဆရာများ ယခင်ကရှိဖူးပါသည်။

• ကျွန်ုပ်မှာ (၂၀၀၇)၌ Talents & Models နှင့်လက်တွဲခဲ့ပါသည်။

• (၂၀၁၅)၌ ဒေါ်တင်မိုးလွင်၏ လက်ထောက်ဆရာအဖြစ် မြန်မာပြည်တစ်ဝှန်း သင်တန်းများတွဲဖက်ပို့ချခဲ့ရာ (၂၀၁၈)မတိုင်မီ နာရီပေါင်း(၁)ထောင် ကျော်ခဲ့ပါသည်။

• (၂၀၁၉) Talents & Models (၂၅)နှစ်ပြည့် ငွေရတုသဘင်ကြီး၌ 'ပထမဆုံးနှင့် တစ်ဦးတည်းသော နည်းပြဆရာလက်မှတ်' အပ်နှင်းခံရပါသည်။ နိုင်ငံပိုင် ရုပ်သံဌာနကြီးများလည်း ကြေညာခဲ့ကြပါသည်။

• Talents & Models က ဆရာဖြစ်သင်တန်း ဖွင့်လှစ်လိုက်သေးရာ သင်တန်းသားများ လိုက်လံလေ့လာကြပါသည်။ သို့သော် ဆုံးခန်းတိုင်အောင်တက်နိုင်သူ ယနေ့ထိမရှိပါ။

• တက်လိုပါကလည်း လက်ထောက်ဆရာဖြစ်ရန်၊ လက်ထောက်ဆရာအဖြစ် အနည်းဆုံး နာရီပေါင်း(၁)ထောင်ပြည့်ရန်၊ သရုပ်ပြသင်ကြားသည့်အခါ တပည့်များပေးသောအမှတ် ဂုဏ်ထူးထွက်ရန်၊ အသရေရှိပုဂ္ဂိုလ်များ၏ ထောက်ခံလွှာရရှိရန် စသည့်အချက်များ လိုအပ်ပါသေးသည်။

• တစ်ဖန် Talents & Models ၏ သင်တန်းများအပါအဝင် လုပ်ငန်းအားလုံး ရပ်နားခဲ့သည်မှာလည်း ယနေ့ထိဖြစ်ပါသည်။ ကျွန်ုပ်၏သင်တန်းများမှာလည်း ကိုယ်ပိုင်အဖြစ်သာ ရပ်တည်နေခဲ့ပါသည်။

• ထို့ကြောင့် Talents & Models နှင့်ယနေ့ထိတွဲဖက်သင်ကြားနေသော လက်ထောက် ဆရာ၊ ဆရာမ ဟူ၍ လုံးဝမရှိပါကြောင်း သိစေအပ်ပါသည်။

လေးမြတ်စွာ
ကောလိယ ဝေယံမောင်မောင်

Talents & Models ၏
ပထမဆုံးနှင့် တစ်ဦးတည်းသော နည်းပြဆရာ

#MentorWaiYanMaungMaung
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
#TalentsAndModels











Comments