အရေးကြီးအသိပေးခြင်း

  ကျွန်ုပ်အမည်နှင့် ပုံကိုအသုံးပြု၍ အသပြာလိမ်လည်မှုတစ်ရပ် ဖြစ်ပွားခဲ့ပါသည်။


ဖြစ်စဉ်မှာ ကျွန်ုပ်တပည့်တစ်ဦး၏ဗိုက်ဗာသို့ ကျွန်ုပ်အသွင်ယူ၍ စာပို့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်မှာ ယိုးဒယားဘတ် ရောင်းလိုကြောင်းပြောပြီး ရောင်းရငွေ(၉၄)သိန်းကို KBZ Pay သို့လွှဲခိုင်းခြင်းဖြစ်ပါသည်။ ထိုဗိုက်ဗာဖုန်းနံပါတ်မှာ +၉၅ ၉၆၆၀ ၃၇၂၀၅၈ ဖြစ်ပါသည်။

အဆိုပါကိစ္စများအတွက် ယိုးဒယားပြည် K Bank နှင့် Siam Commercial Bank အမှတ်တံဆိပ်များသုံး၍ ပြေစာတုဖန်တီးလိမ်လည်ခြင်းဖြစ်ပြီး ဘဏ်အကောင့်ပိုင်ရှင်အမည်အားဖြင့် Ms. Tin Tin Cho နှင့် Ms. Nann Mally Htwe ဟုဖော်ပြထားပါသည်။

KBZ Pay အမည်များမှာ Tin Tin Cho (*******7909) နှင့် Khin Cho Cho (*******3958) တို့ဖြစ်ပါသည်။

သုံးသပ်ချက်

လိမ်လည်သူသုံးသော စကားလုံးများမှာ ကျွန်ုပ်က တပည့်များကိုသုံးလေ့ရှိသော စကားလုံးများဖြစ်ခြင်းကြောင့် ဓာတ်သိတစ်ဦးဟု မှတ်ယူရပါသည်။

အသိပေးချက်

ကျွန်ုပ်သည် (၂၀၂၅)ခုနှစ် ဆရာသက်(၁၀)နှစ်ပြည့်၊ ဖေ့စ်ဘုတ်သုံးသက် (၁၆)နှစ်ပြည့်သည့်တိုင် မည်သည့်တပည့်ထံမှဖြစ်စေ၊ အွန်လိုင်း၌သာသိသော မည်သည့်မိတ်များထံမှဖြစ်စေ အသပြာချေးငှားခြင်း မရှိသည့်ပြင် ကျွန်ုပ်ဘက်ကသာ ချေးငှားကူညီပေးခဲ့သည်များသာ ရှိခဲ့ပါသည်။

ထို့ကြောင့် အွန်လိုင်း၌ ကျွန်ုပ်အမည်ဖြင့် အသပြာအချေးအငှားဖြစ်စေ၊ စီးပွားဘဏ္ဍာကိစ္စဖြစ်စေ ပြောလှာခဲ့သည်ရှိသော် ကျွန်ုပ်မဟုတ်ပါကြောင်းနှင့် ကျွန်ုပ်ထံသို့ အသိပေးစေလိုပါကြောင်း အစီရင်ခံအပ်ပါသည်။

ခင်မင်စွာ
ကောလိယ ဝေယံမောင်မောင်
၂ ဖေဖော်ဝါရီ ၂၀၂၅

#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်











Comments