အမှတ်တရဂါရဝပြုတဲ့တပည့် MC ဟိန်းထက်ကျော်စွာ

ကျွန်တော့်ဖုန်းထဲ ပမာဏတစ်ခု ဝင်လှာပါတယ်။ မေမြို့ကတပည့် MC ဟိန်းထက်ကျော်စွာ အနုပညာကြေးရလို့ ကန်တော့တာပါတဲ့။

စင်စစ်တော့ ကျွန်တော့်လက်ကိုသာ ပေးလက်ဖြစ်ချင်သူပါ။ တောင်းလဲမတောင်းဖူးပါဘူး။ ဒါပေမဲ့ တပည့်များကန်တော့ရင် အဖိုးကြီးငယ်မရွေး စုံမက်ပါတယ်။ ငွေသား၊ ပစ္စည်း ဘာမဆို ကျွန်တော့်ဆရာများကို ကျွန်တော်ကန်တော့ရင်ဖြစ်ဖြစ်၊ ကျွန်တော့်တပည့်တွေကို ဧည့်ခံရင်ဖြစ်ဖြစ် ပြန်သုံးပါတယ်။ ကောင်းကျိုးသာသုံးသာမို့ တပည့်အားလုံး ကုသိုလ်ထူးကြမှာပါ။

ခံ့ညားထောင်မောင်း အသံဩဇာကောင်းတဲ့တပည့် MC ဟိန်းထက်ကျော်စွာတစ်ယောက် အမည်နဲ့လိုက်ဖက်တဲ့ဘဝ ရရှိပါစေ။

ချစ်ခင်စွာ
ဆရာ ကောလိယ ဝေယံမောင်မောင်

#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်

 



Comments