ညဉ့်မှာသာသွားရတဲ့ တောလည်ခရီး

ညကြီးမိုးချုပ် တောတွင်းမှာ ရင်တဖိုဖိုသွားရတဲ့ ကမ္ဘာ့ပထမဆုံး ညဥ့်တိရစ္ဆာန်ဥယျာဉ် စင်္ကာပူ Night Safari ပါ။ နှစ်(၃၀)ကျော်ပြီဖြစ်ပြီး ညဉ့်(၇)ကနေ (၁၂)ထိဖွင့်ပါတယ်။ ဝင်ကြေးက စင်္ကာပူ(၅၆)ဒေါ်လာဖြစ်ပြီး လမ်းမလျှောက်လိုသူများ ဓာတ်ရထားစီးနိုင်ပါတယ်။

မျိုးတုံးလုတိရစ္ဆာန်အပါအဝင် အကောင်ရေ(၁၀၀၀)ခန့် ကျက်စားနေကြပါတယ်။ ပြခန်းရုံကြီးရယ်၊ မက်မောစရာများတဲ့ အမှတ်တရပစ္စည်းဆိုင်ရယ်၊ စည်ကားလှတဲ့ စားသောက်ဆောင်ကြီးရယ်လဲ ရှိပါတယ်။

ကောလိယ ဝေယံမောင်မောင်

#WaiYanMaungMaung
#KawliyaWaiYanMaungMaung
#ဝေယံမောင်မောင် #ကောလိယဝေယံမောင်မောင်
#NightSafari #NightSafariSingapore  

  













 
















 

 

Comments