ရန်ကုန်သမိုင်းဝင် ကွမ်းခြံလမ်း စင်္ကာပူသမိုင်းဝင် အသီးခြံလမ်း

ရန်ကုန်နဲ့စင်္ကာပူ တူရာကိုတွေးမိတယ်။ ရန်ကုန်ဘူတာကြီးနားမှာ တစ်ချိန်က ကွမ်းခြံတွေရှိခဲ့တာ။ ဘူတာအမည်ကိုက ကွမ်းခြံဘူတာ။ ဒီခေတ်ထိ ကွမ်းခြံလမ်းအမည် ကျန်ရစ်တယ်။

စင်္ကာပူမှာလဲ Orchard Road ဆိုတဲ့ ကုန်တိုက်စုလမ်းကြီးရှိတယ်။ ဗြိတိသျှတွေ ဂမ်ဘီယာပင်စိုက်ခင်းလုပ်ခဲ့၊ ဥရောပသားတွေ ဇာတိပ္ဖိုလ်ခြံတွေလုပ်ခဲ့ကြတယ်။ ဒီခေတ်ထိ အောချာ့ရုဒ်အမည် ကျန်ရစ်တယ်။

ဒီနေ့ခေတ်မှာတော့ ထိပ်တန်း ကုန်တိုက်၊ ဟိုတယ်၊ စားသောက်ဆိုင် စတာတွေကြီးစိုးရာ လူသူလေးပါး လည်ပတ်ရာဖြစ်လာပါတယ်။

ကောလိယ ဝေယံမောင်မောင်

#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#Singapore #OrchardRoad 















Comments