ခုမှမသေရင် ဘယ်တော့မှမသေတော့ဘူး
ယူနီဗာဆယ်စကျူဒီယို့စ်ရဲ့ ပိရမစ်ကြီးကို ရုပ်တုကြီးတွေ ခြံရံထားတယ်။ အဆုံးထိဝင်သွားပြီး (၂၀၁၄)အမှတ်တရတွေ ပြန်ရတယ်။အထဲမှာ အသည်းပြုတ်မတတ် ကြောက်ခမန်းလိလိ ရထားစီးရတယ်။ မှောင်မိုက်ထဲမှာ ဟုန်းခနဲတက်သွားပြီး မီးလျှံပူတွေဆီ ရောက်တယ်။ အမြင့်ကြီးကနေ ဘုတ်ခနဲလျှောကျတယ်။ လှုပ်ခါဝုန်းဒိုင်းကြဲပုံက သည်းခြေပျက်အောင် ခံစားရတယ်။
နှလုံးတုန်စရာ မြန်မြန်ပြီးပါစေဆုတောင်းရင်း အပြင်ရောက်တော့ တွေးမိတယ်။ "ခုမှမသေရင် ဘယ်တော့မှမသေတော့ဘူး။" (၂၀၁၄)မှာတစ်ကြိမ်၊ (၂၀၂၅)မှာတစ်ကြိမ် သဘောကျကျ ခံစားတာကတော့ ရသကိုးပါးထဲက ဘယာနက ရသပါပဲ။
ကောလိယ ဝေယံမောင်မောင်
#WaiYanMaungMaung
#KawliyaWaiYanMaungMaung
#ဝေယံမောင်မောင်
#ကောလိယဝေယံမောင်မောင်
#UniversalStudiosSingapore
#RevengeOfTheMummy #Egypt
#EgyptPyramid #RollerCoaster





Comments
Post a Comment