ပွဲသုံးစာပေများ ပြန်လည်အပ်နှံနိုင်

အခမ်းအနားမှူးသုံး မင်္ဂလာပြောစာ၊ မိန့်ခွန်းနှင့်

ရတု၊ တေးထပ် စသည်များပြန်လည်အပ်နှံနိုင်



အခမ်းအနားမှူးများ မင်္ဂလာဆောင်စသည့် ထုံးတမ်းပွဲများ၌ မူပိုင်ကိုင်၍ ပြောရွတ်တင်ဆက်သောစာကို ‘ပြောစာ’ ဟုကျွန်တော်ဆိုပါသည်။ ကျွန်တော့်သင်တန်း၌လည်း သင်တန်းသုံးပြောစာဖြင့် လေ့ကျင့်ပေးပါသည်။


ပညာရှင်အခမ်းအနားမှူး သုံးသည့်ပြောစာ၌ ရှိသင့်သောအချက်အချို့

၁၊ ထုံးတမ်း၊ ဘာသာ၊ အစီအစဉ် တို့နှင့်ညီညွတ်ခြင်း

၂၊ မြန်မာ၊ အင်္ဂလိပ်၊ ပါဠိ၊ သက္ကတ စသော ဝေါဟာရများမှန်ကန်ခြင်း

၃၊ သဒ္ဒါနည်းကျ၍ ကာရန်နဘေကိုက်ခြင်း

၄၊ ရှေးစာ၊ ရှေးကဗျာမဟုတ်လျှင် အခြားသူရေးသားတင်ဆက်နေသောစာကို ယူငင်မသုံးစွဲခြင်း
(မူပိုင်ပြဿနာနှင့် ခွင့်ပြုချက်ကိစ္စ၊ တူညီသောစာများကို အခမ်းအနားမှူးများ ဝိုင်းသုံးခြင်းကိစ္စ)

၅၊ ပရိသတ်နှစ်ခြိုက်ပြီး ပွဲဂုဏ်မြင့်တက်လာခြင်း

ထိုအချက်များကို ကျွန်တော့်အတန်းများ၌လည်း ပြောပြလေ့ရှိပါသည်။ ထို့ပြင် တပည့်တစ်ဦးချင်းစီက ၎င်းတို့ပွဲ၌တင်ဆက်ရန် အပ်နှံကြသည်များကိုလည်း တစေရေးသားပေးခဲ့ပါသည်။

သို့သော် (၂၀၂၅)နှစ်ဦးကစပြီး လက်ခံရေးသားမှု ရပ်နားထားရာ ကျွန်တော့်မွေးလဝါအဝင်၌ ပြန်လည်လက်ခံမည်ဖြစ်ပါသည်။


မင်္ဂလာပွဲပြောစာ ရေးသားပေးပုံ

၁၊ အပ်နှံသူ၏ ဒေသ၊ ထုံးထမ်းနှင့် အညီရေးသားပေးခြင်း
(ဥပမာ ထိမ်းမြားပုံမတူသည့်ဒေသ၊ ရိုးရာနတ်များကိုးကွယ်သည့်ဓလေ့၊ လူမျိုးဘာသာခြားနားမှု)

၂၊ အပ်နှံသူ၏ ဆန္ဒနှင့်အကိုက် ရေးသားပေးခြင်း
(ဥပမာ ကာရန်နဘေကြိုက်သူ၊ စာပေဆန်ဆန်ကြိုက်သူ၊ ခေတ်မီမီကြိုက်သူ၊ ဘိသိက်ဟန်ကြိုက်သူ၊ ဘာသာရေးနှင့် ပါဠိအသုံးအနှုန်းကြိုက်သူ)

၃၊ အပ်နှံသူကို လေ့ကျင့်ပေးခြင်း
(ပြောစာရေးပြီးလျှင် အပ်နှံသူကို တစ်လုံးစီချ၍ရှင်းပြပေးပြီး အသံနှင့်အနက် မှန်အောင်ရွတ်ဖတ်တင်ဆက်နိုင်ရန် လေ့ကျင့်ပေးမှု)


အပ်နှံနိုင်သည့် အခမ်းအနားသုံးစာပေများ

ထိမ်းမြားမင်္ဂလာ၊ ရှင်ပြုနားသ၊ သိက္ခာထပ်၊ အလှူရေစက်ချ၊ ဂုဏ်ပြုချီးမြှောက်၊ မြန်မာမှုမွေးနေ့၊ ရာသီပွဲ စသည့် ပွဲအခမ်းအနားအမျိုးမျိုး၌ ရွတ်ဖတ်၊ သီဆို၊ ဟောပြောကြသော ဘိသိက်စာ၊ ရတု၊ တေးထပ်၊ လင်္ကာ၊ သံပေါက်၊ ခွန်းတောက် စသောကဗျာများနှင့် မိန့်ခွန်းစသည့် စာပေအရေးအဖွဲ့အမျိုးမျိုးကို

ရေးသားနည်းမှန်၊ စာလုံးပေါင်းသတ်ပုံမှန်၊ ဂုဏ်​မြောက်၊ ရသမြောက်၊ အလင်္ကာမြောက် ဖန်တီးပေးခြင်း ဖြစ်ပါသည်။


ရေးသားပေးမည့် ကျွန်တော်၏ကိုယ်ရေး

၁၊ (၂၀၀၀)ပြည့်နှစ်ကတည်းက ကလေးစာရေးဆရာအဖြစ်စတင်ခဲ့သော စာရေးအတွေ့အကြုံ

၂၊ ဘုရင့်အနွယ်တော်နှင့် စာဆိုမျိုးရိုးအဖြစ် လက်ဆင့်ကမ်းရရှိခဲ့သော ယဉ်ကျေးမှုထုံးတမ်းများ

၃၊ နှစ်(၂၀)သက်တမ်း ပြည်တွင်းပြည်ပ ပွဲအခမ်းအနားအတွေ့အကြုံ

၄၊ တက္ကသိုလ်များ၌ အပြီးတိုင်ပိတ်သိမ်းလိုက်ပြီဖြစ်သော စာပေဖန်တီးမှုပညာ၊ ရသစာပေပညာ ဝိဇ္ဇာဘွဲ့ကို ထူးချွန်အဆင့်ဖြင့် သင်ယူလေ့လာခဲ့မှု


အပ်နှံရန်

မက်ဆင်ဂျာ၌ အသေးစိတ်မေးမြန်း အပ်နှံရန်ဖြစ်ပါသည်။

ကောလိယ ဝေယံမောင်မောင်
၁.၇.၂၀၂၅

#MentorWaiYanMaungMaung
#KawliyaWaiYanMaungMaung
#WaiYanMaungMaung #KawliyaInstitute
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
#MC #Presenter #WeddingMC
#MCTraining #PresenterTraining
#WeddingDinner #မင်္ဂလာအခမ်းအနားမှူး

Comments