နွမ်းလျမျက်ရည် မိုးနဲ့စွေ

တပည့် ရုပ်ရှင်ဖန်တီးသူ စစ်ဟဏ်နဲ့ မိုးစိမ့်စိမ့်အေးချိန် ကော်ဖီဆိုင်ထိုင်ဖြစ်တယ်။ "ဆရာရယ်..." အစချီပြီး သူရိုက်မဲ့ဇာတ် ခင်းပြတယ်။ မှန်ပြတင်းအပြင်မှာ မိုးတွေရွှဲစို၊ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွဲခို။


စာပေဖန်တီးမှုပညာနဲ့ ကျောင်းပြီးတဲ့ကျွန်တော်၊ သူ့ဇာတ်လမ်းက လွမ်းရအောင်မျက်ရည်ချူတော့ စိတ်ထဲမှာဇာတ်ကွက်ရေးဆွဲရင်း သက်ပြင်းလဲ ချမိပြန်တယ်။

အနှစ်သာရတွေ၊ လွမ်းစရာ့ဂီတတွေနဲ့ တသသခံစားရမဲ့ရုပ်ရှင်မှာ ကျွန်တော့်ပညာတချို့လဲ ပံ့ပိုးပေးရမှာမို့ ကြိုတင်လို့ရင်ဖိုမိပါရဲ့။

ဪ... နွမ်းလျမျက်ရည်

ကောလိယ ဝေယံမောင်မောင်

#WaiYanMaungMaung
#KawliyaWaiYanMaungMaung
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
#နွမ်းလျမျက်ရည်




Comments