အဘေးရဲ့ရုံးမှာ လွမ်းမောဖွယ်ညစာ

  ဒီနေ့ခေတ် ဧရာဝတီဟိုတယ် (THE ERAVATI) အဆောက်အအုံရယ် ကျွန်တော့်အဘေးရယ်၊ ကျွန်တော်ရယ် အမှတ်တရပေါ့။


⸙ (၁၉၂၇)မှာ ဒီအဆောက်အအုံဟာ တရားလွှတ်တော်ချုပ်သစ် (New Law Courts) ဖြစ်ခဲ့တယ်။
⸙ အဘေးက နိုင်ငံတော်တရားဝန်ကြီးချုပ်မို့ ဆူးလေနားက သူ့ပင်မရုံး ဟိုက်ကုတ်လွှတ်တော် အနီကြီးအပြင် ဒီမှာရယ်ပါ ရုံးထိုင်တယ်။
⸙ အဆောက်အအုံကြီးကို Clark & Greig Company ကဆောက်တယ်။
⸙ ဖြစ်ချင်တော့ အဲ့ကုမ္ပဏီက ပြည်လမ်းက အဘေးအိမ်ရဲ့မျက်နှာချင်းဆိုင်မှာ။
⸙ အဆောက်အအုံကြီးဟာ နှစ်(၁၀၀)အတွင်း ရဲမင်းကြီးရုံး၊ ကင်ပေတိုင်ရုံး၊ Rosewood ဟိုတယ်၊ ဧရာဝတီဟိုတယ် အမျိုးမျိုးဖြစ်ခဲ့တယ်။
⸙ ကျွန်တော်တို့ခေတ် ဒီဟိုတယ်ကြီးဖို့ သင်တန်းပို့ချ၊ ပွဲကျင်းပဖို့လာတိုင်း အဘေးခေတ်ကိုမမီတဲ့ကျွန်တော် . . .
⸙ အတိတ်ကို မှန်းမိပါတယ်။ သမိုင်းကိုလွမ်းမိပါတယ်။

ကောလိယ ဝေယံမောင်မောင်

#NewLawCourts
#TheEravatiSuleGrandYangon
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#Kawliya #Pintha

















Comments