အလွန်ဝမ်းနည်းကြေကွဲခြင်း

"ကိုဝေယံမောင်မောင်၊ ခင်ဗျား သိပ်အောင်မြင်နေတာပဲ" တဲ့။ တပည့်ပါမွှားကျွန်တော့်ကို သုံးနှုန်းအားပေးခဲ့တဲ့၊ ပုဂံမြေလိုက်ပြီး လမ်းညွှန်ပြသပေးခဲ့တဲ့၊ ရန်ကုန်တက္ကသိုလ်ရာပြည့်မှာ သမိုင်းနဲ့ယဉ်ကျေးမှု သင်ကြားပေးခဲ့တဲ့

⸙ သမိုင်းပညာရှင်၊ စာရေးဆရာ
⸙ အငြိမ်းစား သမိုင်းပါမောက္ခ
⸙ မြန်မာ့သမိုင်းအဖွဲ့ အတွင်းရေးမှုး
⸙ အမျိုးသားစာပေ တစ်သက်တာဆုရှင်
⸙ ထွန်းဖောင်ဒေးရှင်းစာပေဆုများရှင်
⸙ ဝိဇ္ဇာထူးချွန်
⸙ သိပ္ပကျော်စွာ

ကျေးဇူးရှင်ဆရာကြီး ဒေါက်တာကျော်ဝင်း အသက်(၈၅)နှစ်ဟာ ၂၈.၂.၂၀၂၆ ၊ နံနက်(၃)နာရီမှာ အနိစ္စရောက်ခဲ့လို့ အလွန်လှိုက်ပြီး ကြေကွဲရပါတယ်။ ဆရာကြီး နောက်ဆုံးသင်ခဲ့တဲ့အတန်း၊ နောက်ဆုံးလိုက်သင်တဲ့ သင်ကြားရေးခရီးရဲ့ တပည့်ဖြစ်ရတာ ရာသက်ပန် ဂုဏ်ယူမဆုံးတော့ပါ။ ဆရာကြီးလို ဆရာတစ်ဦးဖြစ်အောင် တပည့်လေးကြိုးစားပါ့မယ်။

ဆရာကြီးရုပ်ကလာပ်ကို ၂.၃.၂.၂၆ ၊ မွန်းတိမ်း(၂)နာရီ ရေဝေးသင်္ချိုင်းမှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

တပည့်ငယ်
ကောလိယ ဝေယံမောင်မောင်

#DrKyawWin
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်











Comments