မြန်မာ့လက်ဖက် ယူနက်စကိုဝင်ဖို့ လက်ဖက်စားသောက်ဆန်းတွေစားသောက်ဖို့ လက်ဖက်ပွဲတော်ကြီးကို ဖိတ်ခေါ်ပါတယ်။

လက်ဖက်ပွဲတော် ပြန်လည်ကျင်းပမှာဖြစ်ပါတယ်။ (၂၀၁၈)မှာလဲ အခမ်းအနားမှူး၊ စကားဝိုင်းတင်ဆက်သူနဲ့ စီစဉ်မှုတချို့ ဆောင်ရွက်ပေးခွင့်ရခဲ့ပါတယ်။

အခုတစ်ခါတော့ ကမ္ဘာမှာ မြန်မာသာလက်ဖက်စားကြောင်း ယူနက်စကိုတင်ရင် အထောက်အကူဖြစ်မဲ့ မှတ်တမ်းတွေ ကျွန်တော်ရိုက်ကူးတင်ဆက်သွားမှာပါ။

လက်ဖက်အသင်းနဲ့အတူ ဦးကာက+ဒေါ်စိန်၊ အရီးတောင်း၊ ဖိုးထောင်၊ ဒေါ်ရိတ်ကြီး၊ အလှူ့အစ်မ၊ မယ်ဗမာ၊ ရွှန်းစိန်၊ စောမို၊  ရွက်နုလှိုင်၊ ဟူးဟူး၊ Fat Tea၊ Junction Pinlaung၊ Mother Love၊ မိဖုရား၊ Café Salween ကဖေးသံလွင် တို့ကနေ ပါဝင်ပြသမှာဖြစ်ပြီး သူတို့တီထွင်ဆန်းသစ်ထားတဲ့ အောက်ပါစတုဒိသာတွေ သုံးဆောင်ကြဖို့ ချစ်ခင်လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဝက်သားအိုးကြီးချက် လက်ဖက်နှပ်ထမင်းဘူး၊ လက်ဖက်ပဲပြားအဆာသွတ်၊ ပြည်ထောပတ်မုန့် လက်ဖက်ညှပ်၊ လက်ဖက်လီမွန်တီး၊ လက်ဖက်ကြော်၊ လက်ဖက်စမူဆာ၊ လက်ဖက်ငါးမုန့်ကြော် စသည်။

 

ကျွန်တော် (၁၁)ရက်နေ့ မနက်(၁၀)နာရီကနေ မွန်းလွဲအထိရှိနိုင်ပါတယ်။

မြန်မာ့လက်ဖက် ကမ္ဘာ့အမွေအနှစ်ဖြစ်ရန် ရန်သန်လျက်

 

ကောလိယ ဝေယံမောင်မောင်

 

#မြန်မာ့လက်ဖက်

#MyanmaLaphetToUNESCO

#LaphetToUNESCO

#MyanmaPickledTeaLeaves

#PickledTeaLeaves










Comments