တပည့်ဒါရိုက်တာနဲ့ စကားစမြည်နေ့လယ်စာ

  တပည့်ဖြစ်သူ ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း စစ်ဟဏ်က သင်္ကြန်ဂါရဝ နေ့လယ်စာဖိတ်မံလို့ ကျွန်တော်ညွှန်းတဲ့ ကဖေးသံလွင်ရဲ့ လက်ရာကောင်းတွေစားရင်း ရုပ်ရှင်၊ ဂီတ နှီးနှောကြတယ်။


⸙ ရုံတင်လု “နွမ်းလျမျက်ရည်” မရိုက်မီက သူ့ဇာတ်နားထောင်ပြီး ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်သွင်သွင်ကျလို့ ရှိုက်ငိုခဲ့ဖူးတယ်။

⸙ “မပြီးသေးသောပန်းချီကား” ရိုက်မယ်တဲ့။ ဂီတအကြံတချို့ပေးရင်း ဇာတ်လမ်းနားဆင်မိတော့ ကြက်သီးထလို့ အံ့ဩရတယ်။

⸙ ကျွန်တော့်ထံ မြန်မာစာသင်တန်းတက်စဉ်ကတည်းက သူရေးပြတဲ့ “ပုပ္ပားဒိုင်ယာရီ” ရဲ့လျှို့ဝှက်ဆန်းကြယ်မှုကိုတော့ ပုံဖော်စေချင်မိပြီ။

⸙ နောက်တစ်ဇာတ်ကတော့ ဘယ်လိုလွမ်းရမယ် မတွေးဝံ့တော့တဲ့ “နွေ ... နှောင်းရွက်တို့ကြွေ” တဲ့။

တစ်ခုပဲမေးချင်တယ် စစ်ဟဏ်ရေ။
ဘယ်လိုနှလုံးသားနဲ့ဦးနှောက်ကိုပိုင်ထားလို့
ဒီလိုရသမျိုးတွေ ဖန်တီးနိုင်တာလဲဟင်။

ကောလိယ ဝေယံမောင်မောင်


#WaiYanMaungMaung
#KawliyaWaiYanMaungMaung
#KawliyaInstituteAndEventSolutions
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်













Comments