🌃🚶♂️ညဉ့်(၁)နာရီကျော် လမ်းလျှောက်ထွက်ရင်း Little India က Mustafa ကုန်တိုက် ရောက်ခဲ့ပါတယ်။
🌙🛍️ စင်္ကာပူရဲ့ မအိပ်စက်ရာ ဈေးကမ္ဘာမို့ ညလုံးပေါက် လှုပ်ရှားသက်ဝင်တဲ့နေရာပါ။
🌍🛒 "မွတ်စတာဖာမှာ ရှာမရရင် တခြားမှာရှိမှာမဟုတ်ဘူး" လို့ တင်စားရအောင် ကမ္ဘာအနှံ့ကပစ္စည်း စုံလွန်းပါတယ်။ စားသောက်ကုန်ထဲက သရက်သီးတန်းဆိုရင် မမြင်ဖူးတဲ့မျိုးပေါင်းများစွာ မျက်စိတစ်ဆုံး ခင်းထားတာပါ။
🪔🥻 စူဠအိန္ဒိယရပ်ကွက် (Little India) မှာရှိတာမို့ အိန္ဒိယ အငွေ့အသက်ကို အဆင့်မြင့်မြင့် ခံစားနိုင်ပါတယ်။
⏰🛡️ ဟိုတယ်ပြန်ရောက်ချိန်က မနက်(၃)နာရီပေမဲ့ လုံခြုံတဲ့ဒေသမို့ ညစဉ်လမ်းလျှောက်ထွက်ရတာ သဘောကျ နှစ်ခြိုက်ခဲ့ရပါတယ်။
ကောလိယ ဝေယံမောင်မောင်
၈.၅.၂၀၂၅
#MustafaCentre #Singapore
#SingaporeNightLife
#LittleIndiaSG
#KawliyaWaiYanMaungMaung
Comments
Post a Comment